Saturday, December 08, 2012

၆၅၉။ Animated Screensaver Maker 3.1.5 + S


Animated Screensaver Maker 3.1.5+ S | 17.21 Mb |


ဒီကောင်လေးကတော့ မိတ်ဆွေများရဲ့ computer desktop ပေါ်မှာ screensaver လေးတွေကို မိမိတို့ စိတ်တိုင်း ကျ နောက်ခံပုံနဲ့ လှုပ်ရှားသက်ဝင်နေတဲ့ တခြား animation effect ပေါင်းများစွာ တို့ နှင့်အတူပေါင်းစပ်ပြု လုပ်ပေး နိုင်ပါတယ်. animation ကို ကျနော်မြှားပြထားတဲ့ Add Animation မှာတစ်ခုချင်းစီယူနိုင်ပါတယ် .ပြုလုပ်နည်းက အရမ်းလွယ်ကူတဲ့အတွက် အသေးစိတ် မဖေါ်ပြတော့ပါဘူး.မိမိစိတ်တိုင်းကျပေါင်းစပ်ထားတဲ့ animation screensaver ကို save မယ်ဆိုရင် file >>>create screensaver >>> Build and save a windows screensaver file(.scr)နဲ့  desktop ပေါ်မှာဘဲအမည်တစ်ခုခုပေးပြီးသိမ်းလိုက်ပါ။ မိမိအသုံးပြုမယ်ဆိုရင် သိမ်းထားတဲ့ ( .scr ) ဖိုင်ပေါ်မှာ right click >>>install ကို click >>> screen saver settings ကိုရောက်ရင် အချိန်သတ်မှတ်ပြီး  Apply >>> OK လုပ်ပေးလိုက်ရင်ပြီးပါပြီ။အမြဲတမ်းအသုံးပြုနိုင်အောင် အထဲမှာ serial ( s ) ထည့်ပေးထား ပါတယ်။

Key Features of Animated Screensaver Maker:

- Many animated objects like rain, lighting, fish, sparkles, and so on.
- Make your own screensaver in seconds.
- An old-fashioned slideshow screensaver mode is available.
- Easily make a screensaver in .SCR format or install it on your computer directly.
- Create screensavers from all types of image formats (jpeg, bmp, tga, etc.).
- Many examples and related articles .

အသုံးပြုချင်တဲ့ မိတ်ဆွေများ အောက်မှာ download ယူနိုင်ပါတယ်။

DOWNLOAD:

{ MF - password : nayminkhit }



ကျေးဇူးတင်ပါတယ်...


Blogger Tricks Best Blogger Tips



၆၅၈။ Guitar Pro v1.4.3 for Android



မေး။ " zinmin: အစ်ကိုရေ Guitar pro android version ၇ှိရင်ပို.ပေးပါဗျာ...ကျေးဇူးနင်ပါတယ် "

ဖြေ။ Guitar Pro v1.4.3 လေးပါ.ညီလေးတယောက်တောင်းထားလို့ တင်ပေးလိုက်တာပါ.  Android 2.2 နှင့်အထက် တွေမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကျနော်ကတော့အနုပညာဘက်မှာ ထဲထဲဝင်ဝင် သိပ်မကျွမ်းကျင်လို့  အခုတလော ပေါ်ပြုလာဖြစ်နေတဲ့ ဒီကောင်လေးကိုရွေးချယ်ပြီး ပေးလိုက်တာပါ။သူ့ ရဲ့ feacture တွေကို အောက်မှာဖေါ်ပြပေးပါမယ်...

Main Feactures:

. Supporting GP3/4/5 and GPX (Guitar Pro 6) formats,
 . Compatible with mySongBook portal to sheet music,
 . File import via USB, web server and file browser,
 . Built-in file library with search, filter, and favorite,
 . Multitrack playback with soundboard: volume, solo-mute, soundbanks,
 . Metronome and visual countdown,
 . 3 levels of zoom,
 . Guitar or bass fretboard (for right- and left-handers), and virtual keyboard.


Guitar Pro exclusive features:

 . Tablature notepad,
 . Instant tempo changes,
 . Global transposing by half-tones,
 . Tab, standard and slash notation,
 . Sending files via e-mail from the application,
 . Exporting files to GP format,
 . Playing any selection in loops,
 . Adjustable sound quality
 . Simplified navigation between sections.


အသုံးပြုချင်တဲ့မိတ်ဆွေများအောက်မှာ download ယူနိုင်ပါတယ်...

DOWNLOAD:

{ MF - password: nayminkhit }



ကျေးဇူးတင်ပါတယ်...

Best Blogger Tips



Thursday, December 06, 2012

၆၅၇။ Windows 7 Back up and Restore ပြုလုပ်နည်း


မေး"ကိုရဲထွန်း: ညီလေး..တချို့နိုင်ငံတွေမှာ ကွန်ပြူတာ ၀ယ်ရင်ဘာ စီဒီမှမပါဘူး.နောင်တ ချိန် အသစ်ပြန် တင်ချင်ရင်အသုံးပြု့ဖို့ ကိုယ့်ကွန်ပြူတာကနေ ထုတ်ယူထားရတယ်. မယူတတ်လို့ ဘယ်လို ယူရပါလဲ. အဆင့်ဆင့်လေးပြောပြပေး ပါ ကျေးဇူးတင်ပါတယ် "။

ဖြေ။  ဒီနေ့ တော့ ကျနော်ဖေါ်ပြပေးမယ့်နည်းလမ်းလေးကတော့ အကိုတစ်ယောက်စီဘောက်မှာ မေးထားလို့  တခြား မိတ်ဆွေများလဲ လေ့လာလို့ ရအောင် တင်ပေးရခြင်းဖြစ်ပါတယ်. Back up and restore ပြုလုပ်ခြင်းအကြောင်းလေးဖြစ်ပါတယ်.ဒီခေါင်းစဉ်က ဟိုးရှေးရှေးတုန်းက ကျနော်တို့ မြန်မာလူမျိုး ဆရာ့၊ဆရာကြီးတွေ အတော်များများ ရော၊ အခြားလူမျိုးတွေရောဘာသာစကားပေါင်းစုံနဲ့ အွန်လိုင်းပေါ်မှာ တင်ပြခဲ့ပြီးသားဖြစ်ပါတယ်. အခုမှဘာလို့ ကျနော်တင်ပြရသလဲဆိုရင် ရှင်း ရှင်းပြောရရင် မေးထားတဲ့မိတ်ဆွေ များရှိတဲ့အတွက်ရော၊ ကျနော့် ဆိုဒ်ထဲမှာပြီးပြည့်စုံစေချင်တာရော ၊လာရောက်လေ့လာတဲ့ မိတ်ဆွေများအတွက်နည်းပညာတစ်ခုခု ပါသွားစေချင်လို့ ရေးသားလိုက် ရခြင်းဖြစ်ပါတယ်။ ဒီပိုစ့်က အားလုံးအတွက် အရှင်းလင်းဆုံး၊ နားလည်နိုင်ဆုံး ဖြစ်စေရန်အတွက် အသေးစိတ်တစ်ဆင့်ချင်းကို ရှင်းလင်းဖေါ်ပြပေးထားတာဖြစ်ပါတယ်။

ကဲစလိုက်ကြရအောင် back up ဘာလို့ လုပ်ရသလဲဆိုရင် မိမိတို့ ရဲ့ ဝင်းဒိုးပြဿနာတွေ ခဏခဏတက်နေတဲ့အတွက် အစကနေပြန်ပြန်ပြီး Windows မတင်ချင်တာရယ်၊ မိမိအချိန် ကုန်ခံပြီးထည့်သွင်းထားတဲ့ program တွေကို Windows ကြောင့်၊ virus ကြောင့်၊ အခြားပြဿနာ တစ်ခုခုကြောင့် မပျက်ဆီး မဆုံးရှုံးခင်မှာ back up လုပ်ထားလိုက်ရင် Windows ပြန်တင်စရာမလိုဘဲ အဲဒီ back up Image ဖိုင်ကို ပြန်ထည့်လိုက်တာနဲ့ Windows လည်း တင်ပြီးသား၊ Software တွေလည်း တင်ပြီးသား ဖြစ်သွားအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။ အလွယ်ဆုံးနည်းပြောရရင် Windows Partition အပိုင်းတစ်ခုလုံးကို Image file အဖြစ် copy ကူးယူလိုက်ခြင်းဖြစ်ပါတယ်. 

မှတ်ချက်။   ။ back up လုပ်တယ်ဆိုတာ ဝင်းဒိုးတင်ပြီး အရေးကြီးလိုအပ်တဲ့ Program တွေ၊ Driver တွေ ထည့်ပြီးတဲ့ အချိန် မှာ လုပ်ထား သင့်ပါတယ်။ အချိန်ကာလကြာလာတာနဲ့ အမျှ ဝင်းဒိုးထဲမှာလဲ program တွေများလာမှာဖြစ်တဲ့အတွက် ဒီအချိန်ကြမှ back up လုပ်မယ်ဆိုရင် အချိန် အရမ်းကြာမှာဖြစ်ပြီ Restore ပြန်လုပ်မယ်ဆိုရင် လဲအချိန်တွေကြာနေ အုံးမှာဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေများအနေနဲ့ အပေါ်မှာ ကျနော်ပြောခဲ့သလို ဝင်းဒိုးတင်ပြီး လိုအပ်တာတွေ ဖြည့်စွပ်ပြီးတဲ့ အချိန်မှာ back up လုပ်ပေးကြပါ ဒါမှ Windows ပြန်တင်ရတဲ့ ဒုက္ခ ၊ program တွေ ၊ Driver တွေ ထည့်သွင်း ရတဲ့ ဒုက္ခ မှကင်းဝေးမှာဖြစ်ပါတယ်။ အားသာချက်အနေနဲ့ ပြောရမယ်ဆိုရင် ဝင်းဒိုးတစ်ခုလုံးကို back up မလုပ်ဘဲ မိမိအတွက် အသုံးဝင်တဲ့  program ကိုဘဲ back up လုပ်နိုင်တာပါ။ မိမိတို့  back up လုပ်တဲ့အချိန်များမှာ Data တွေကိုရွေးချယ်ပြီး back up လုပ်ခွင့်ရှိတာကို ရွေးချယ်ပေးခဲ့မယ်ဆိုရင် မိမိ back up လုပ်ချင်တာကိုဘဲ လုပ်နိုင်မှာဖြစ်ပါတယ်။ restore ပြန်လုပ်မယ်ဆိုရင်လဲ မိမိအသုံးပြုမယ့် back up file ကိုဘဲ restore ပြုလုပ်နိုင်ပါတယ်။
*********************************************
Back Up ပြုလုပ်နည်း

အရင်ဆုံး Back up လုပ်တဲ့အပိုင်းကိုအရင်သွားပါမယ်... မိတ်ဆွေများအရှင်းလင်းဆုံးဖြစ်အောင် ကျနော် ပုံလေးတွေနဲ့ ဖေါ်ပြပေးပါမယ်။

( ပုံ - ၁ )

( ပုံ - ၁ ) အတိုင်း  Control Panel ထဲက Backup and Restore ကိုသွားပါ။

( ပုံ - ၂ )
( ပုံ - ၂ ) အတိုင်း Set up backup ကို Click ပါ။

( ပုံ - ၃ )
( ပုံ - ၃ ) အတိုင်း မိမိသိမ်းမယ့် Partition  အပိုင်းတစ်ခုခုကိုရွေးချယ်ပေးရမှာပါ.ကျနော်ကတော့ Partition D: ထဲမှာ သိမ်းပြီးဖေါ်ပြမှာဖြစ်ပါတယ်။ တကယ်လို့ မိမိက စက်ထဲ မှာမသိမ်းချင်လို့ အခြား ကြိုက်နှစ်သက်ရာ memory storage မှာသိမ်းနိုင်ပါတယ်။ အဲဒီအတွက် အသုံးပြုမည့် memory storage ကိုမိမိစက်မှာတပ်ပြီး Refresh ကို click ပေးလိုက်ရင် မိမိရဲ့ memory storage ကိုဖေါ်ပြပေး လာပါလိမ့်မယ်။ ပြီးရင်  Next ကို Click  ပါ။

( ပုံ - ၄ )
( ပုံ - ၄ ) အတိုင်း back up ပြုလုပ်ရာမှာ မိမိကြိုက်နှစ်သက် ရာကိုဘဲရွေးချယ်နိုင်ဖို့ အတွက် Let me choose ကိုရွေးပေးပြီး Next ကို Click  ပါ။

( ပုံ - ၅ )
( ပုံ - ၅ ) အတိုင်း မိမိ back up လုပ်မည့် ဖိုင်တွေကိုအတည်ပြုပြီး  Next ကို Click  ပါ။

( ပုံ - ၆ )
( ပုံ - ၆ )  ကိုရောက်လာရင် Change schedule ကို click ပြီး ( ပုံ - ၇ ) အတိုင်း မိမိတို့  back up လုပ်ချင်တဲ့ အချိန်တွေ သက်မှတ်ပေးနိုင်ပါတယ်။

( ပုံ - ၇ )

( ပုံ - ၈ )
( ပုံ - ၈ ) အတိုင်း  Save settings and run backup ကို Click ပေးလိုက်ပါ။

( ပုံ - ၉ ) 
( ပုံ - ၉) အတိုင်း back up လုပ်နေတာကို ပြီးတဲ့အချိန်ထိ စောင့်နေပေးလိုက်ပါ။ပြီးသွားရင်တော့ back up လုပ်တဲ့အပိုင်းပြီးပါပြီ။ မိမိသိမ်းထားတဲ့  memory storage မှာသွားကြည့်လိုရင် WindowsImageBackup ဆိုတဲ့ Folder လေးတွေ့ ရပါလိမ့်မယ်.

အခုဆက်ပြီး Restore လုပ်တဲ့အပိုင်းကိုဆက်သွားကြရအောင်...

မိမိတို့ backup ပြုလုပ်ထားတဲ့ image file ကို ဘယ်လို restore ပြုလုပ်မလဲဆိုရင် အောက်ကပုံ လေးတွေ အတိုင်း တစ်ဆင့်ချင်းသွားရမှာဖြစ်ပါတယ်. Control Panel > Back up and  Restore ကို Click ပါ။


( ပုံ - ၁၀ )

( ပုံ - ၁၀ ) အတိုင်း Recover system setting or your computer ကို Click ပါ။


( ပုံ - ၁၁ )

( ပုံ - ၁၁ ) အတိုင်း ပြီးတော့ Advance recovery method ကို Click ပါ။

( ပုံ - ၁၂ )

( ပုံ - ၁၂ ) အတိုင်း ရောက်လာရင် ( Choose Advance recovery method ) တွင် မိမိသိမ်းထားခဲ့ တဲ့ Back up file မှတစ်ဆင့် Restore လုပ်မှာဖြစ်တဲ့အတွက် Use a system image you created earlier to recover your computer ကိုရွေးပြီး Click ပေးလိုက်ပါ။

( ပုံ - ၁၂ ) 
( ပုံ - ၁၂ ) အတိုင်း Restart ကို click ပေးလိုက်ပါ။

 ( ပုံ - ၁၃ ) 
( ပုံ - ၁၃ ) အတိုင်း  Next ကို Click ပါ။

 ( ပုံ - ၁၄ ) 
( ပုံ - ၁၄ ) အတိုင်း back up လုပ်ထားတဲ့ image file တည်နေရာကို  အလိုအလျောက် ဖေါ်ပြပေးပါလိမ့်မယ်။ Next ကို ဆက်ပြီး Click ပါ။

 ( ပုံ - ၁၅ ) 
( ပုံ - ၁၅ ) အတိုင်း  Next ကို Click ပါ။

 ( ပုံ - ၁၆ ) 
( ပုံ - ၁၆ ) အတိုင်း  Finish ကို Click ပါ။

( ပုံ - ၁၇ )
( ပုံ - ၁၇ ) အတိုင်း မိမိကွန်ပျူတာရဲ့ back up လုပ်ထားတဲ့ image file ကို restore ပြုလုပ်နေပါလိမ့်မယ် သူ့ ကိုလဲစောင့်နေပေးလိုက်ပါ.အားလုံးပြီးသွားရင် windows ပြန်တက်လာတဲ့အချိန်မှာ မိမိ windows ဟာ backup မလုပ်ခင်အချိန်က အတိုင်းပြန်လည်ရရှိမှာဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်...

Best Blogger Tips



Monday, December 03, 2012

၆၅၆။ Windows Movie Maker for Windows 7 v1.0 Build 6.5


Windows Movie Maker for Windows 7 v1.0 Build 6.5| 12 MB |

ဒီကောင်လေးကတော့ slideshow ပြုလုပ်ရာမှာ အခြားဆော့ဝဲလ်တွေကို အသုံးပြုစရာမလိုဘဲ vista / xp များမှာ Microsoft ကထည့်ပေးလိုက်တဲ့ Windows Movie Maker ကို အသုံးပြုသလို ကျနော်တို့  windows 7 သမား များအတွက် သီးသန့် အသုံးပြုနိုင်တဲ့ Windows Movie Maker software လေးဖြစ် ပါတယ်. အထဲမှာပါဝင်တဲ့ effect တွေကလဲ ယနေ့ နာမည်ကြီး ဈေးကြီးပေးနေရတဲ့ slideshow software
များ အတိုင်း အရည်အသွေးမှီ slideshow တစ်ခွေကို လှလှပပ ဖန်တီးနိုင်ပါတယ်။ အသုံးပြုနည်းကလဲ အရမ်းလွယ်ကူ တဲ့အတွက် windows 7 user များအနေနဲ့ မိမိတို့ စက်ထဲမှာထည့်သွင်းထားသင့်ပါတယ်. 32-bit and 64-bit ( ၂ ) မျိုး စလုံးမှာ supports လုပ်ပါတယ်။

အသုံးပြုချင်တဲ့မိတ်ဆွေများအောက်မှာ download ယူနိုင်ပါတယ်...

DOWNLOAD:

{ MF - password: nayminkhit }




ကျေးဇူးတင်ပါတယ်...

Best Blogger Tips



Saturday, December 01, 2012

၆၅၅။ KASPERSKY ( .....2012 / 2013 ) KIS/KAV/PURE OFFLINE UPDATE ပြုလုပ်နည်း

  ပုံ ( ၁ )
ဒီကောင်လေးကတော့ မိတ်ဆွေတစ်ဦးတောင်း ထားလို့  တခြားမိတ်ဆွေများလဲ အသုံးပြုနိုင် အောင် တင်ပေး လိုက်တဲ့ Kaspersky Updater လေးဖြစ်ပါတယ်။ ဒီ Kaspersky Updater လေးကိုအသုံးပြုပြီး KASPERSKY 2012 / 2013 KIS/KAV/PURE တွေထိ OFFLINE UPDATE ပြုလုပ်နိုင်ပါတယ်။ Kapersky Updater ကို မိမိတို့ ကွန်ပျူတာမှာ run လိုက်ပါ. ပုံ ( ၁ ) အတိုင်းပေါ်လာပါလိမ့်မယ်. ဝိုင်းထားတဲ့ Applications ကို click ပေးပြီးဖွင့်လိုက်ပါ။

  ပုံ( ၂ )
ပုံ( ၂ ) အတိုင်းရောက်လာပြီဆိုရင် ဝိုင်းထားတဲ့အတိုင်း မိမိအသုံးပြုနေတဲ့ Kaspersky အမျိုးအစား၊ ဗားရှင်းအလိုက် ရွေးပြီး OK ပေး ၊ Start ကို Click လိုက်ရင် သူနဲ့ ပက်သတ်တဲ့ Updater File ကို download ယူနေပါလိမ့်မယ်။ 

( ပုံ ( ၃ ) အတိုင်း ခဏ စောင့်ပေးပါ )

အခုဆိုရင်လိုအပ်တဲ့ Updater File ကို download ယူတဲ့ အပိုင်းပြီးပြီဖြစ်တဲ့အတွက် မိမိအသုံးပြုထားတဲ့ software ရဲ့  setting အပိုင်းကို ပြင်ဆင်ကြရပါမယ်။ အဲဒီအတွက် ကျနော် ပုံတွေနဲ့ မရှင်းပြတော့ပါဘူး စာနဲ့ ဘဲအရှင်းလင်းဆုံးအတိုချုံးပြီးပြောသွားပါမယ်။ တစ်ဆင့်ချင်းလိုက်လုပ်ကြည့်လိုက်ပါ။

* Kaspersky program ကိုဖွင့်ပြီး setting ကိုသွားပါ။
* settings ထဲကိုရောက်ရင် Update Settings / Settings ကို ဖွင့်ပါ။
* Add ကိုရှာပြီး မိမိတို့ အပေါ်မှာ download  ယူထား ခဲ့တဲ့ Updater File ကို ရှာပြီးထည့်ပါ။   မူလရှိနေတဲ့ kaspersky lab updates servers ရှေ့ က အမှန်ခြစ်ကိုဖြုတ်ပြီး မိမိထည့်သွင်းလိုက်တဲ့ Updater File က ကို  အမှန်ခြစ်ပေးပြီး  Apply / OK ပေးလိုက်ပါ။
* အခုဆိုရင် မိမိတို့ အသုံးပြုနေတဲ့ Kaspersky ကို Update ပေးနိုင်ပြီဖြစ်ပါတယ်။ Update ပေးပြီးရင်
ကွန်ပျူတာကို restart ချပေးဖို့ မမေ့ပါနဲ့ ။

OS: Win XP/2003/Vista/Windows7 / 8

အသုံးပြုချင်တဲ့ မိတ်ဆွေများ အောက်မှာ download ယူနိုင်ပါတယ်။

DOWNLOAD:

{ MF - password : nayminkhit }



ကျေးဇူးတင်ပါတယ်...

Best Blogger Tips



Wednesday, November 28, 2012

၆၅၄။ Wondershare MobileGo for Android Pro 2.1.5.169


Wondershare MobileGo for Android Pro 2.1.5.169 | Full Version | 26.93 MB
" Jhon: အကို...andriod app & game filles တွေကို download ဆွဲရင် စာရွက်ပုံ logo လေးတွေအစား သူ့ မူရင်းပုံ logo လေးနဲ့ တွဲပြီးဆွဲလို့ရနိုင်လား။နည်းလမ်းရှိရင်ကူညီပါဦးခင်ဗျား။ကျေးဇူးပါနော် ”
ဒီကောင်လေးကတော့ စီဘောက်မှာ ညီလေးတယောက်တောင်း ထားလို့  Android-smartphone အသုံးပြုနေ တဲ့ မိတ်ဆွေများအားလုံး မိမိတို့ ကွန်ပျူတာနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး အသုံးပြုနေတဲ့ Android-smartphone တွေကို ကွန်ပျူတာမှတဆင့် ဖုန်းထဲကို app တွေ install & uninstall ပြုလုပ်နိုင်ခြင်း ၊ backup ပြုလုပ် ထားနိုင်ခြင်း ၊ data recoveryပြုလုပ်နိုင်ခြင်း၊ SMS & MMS massages များကြည့်ရှု့ ပြီး reply  ပြန်လုပ်ခြင်း၊ ပယ်ဖျက်ခြင်းများပြုလုပ်နိုင်ခြင်း စတဲ့ feature ပေါင်းများစွာ အသုံးပြုနိုင်ခြင်း များရှိတဲ့အတွက် ဒီကောင်လေးကိုဝေမျှပေးခြင်းဖြစ်ပါတယ်။ ကဲတောင်းထားတဲ့ညီလေး လဲ မိမိ download apk ဖိုင်တွေရဲ့ logo ပုံတွေမှာ Android logo ပုံလေးတွေနဲ့ download ယူနိုင်မှာဖြစ်ပါတယ်။  { Supported OS: Windows 7/XP/2003/Vista } တွေမှာ အသုံးပြုနိုင်ပါတယ်။

Full Version ပြုလုပ်နည်း

1. mobilego_full818.exe ကို install လုပ်ပါ။
2. ပြီးရင် သူ့ လမ်းကြောင်းအတိုင်း { C:\Program Files\Wondershare\MobileGo for Android } ထဲ ကို Activate_file ထဲမှ { MobileGo.exe and MobilGo_Registration.reg } နှစ်ဖိုင်စလုံးကို copy ယူပြီး paste လုပ်ပါ။ MobilGo_Registration.reg ကို run ပေးပါ။ Yes ( or ) No မေးရင် Yes ကို click ပေးပြီး OK  လုပ်လိုက်ပါ။ပြီးရင်  MobileGo.exe ကို လဲ run ပေးလိုက်ရင် အမြဲတမ်း full version အဖြစ် ပြည့်ပြည့်ဝဝ အသုံးပြုနိုင်ပါပြီ။


အသုံးပြုချင်တဲ့မိတ်ဆွေများအောက်မှာ download ယူနိုင်ပါတယ်...

DOWNLOAD:

{ MF - password: nayminkhit }


ကျေးဇူးတင်ပါတယ်...

Best Blogger Tips



Monday, November 26, 2012

၆၅၃။ Portable ParetoLogic RegCure Pro 3.1.3.0


ParetoLogic RegCure Pro 3.1.3.0 Portable | 5.9 Mb


ဒီကောင်လေးကတော့ ကျနော်အရင်တုန်းက ဘလော့မိတ်ဆွေများကို ဝေမျှပေးဖူးပါတယ်. မိမိတို့ ရဲ့ ကွန် ပျူတာတိုင်း မှာ မရှိမဖြစ်လိုအပ်တဲ့ဆော့ဝဲလ်လေးပါ။ ဘာအတွက်အသုံးဝင်တာလဲဆိုရင် အဓိက အားဖြင့် ကွန်ပျူတာအတွင်းအသုံးမဝင်တဲ့ Windows registry errors တွေကိုဖယ် ရှားပေးခြင်း၊ ဝင်းဒိုး စတက် တဲ့အချိန်မှာ မလိုလားအပ်တဲ့ ပရိုရမ်တွေရဲ့  processes တွေကို ရပ်တန့် ပေးခြင်း ၊ viruses, spyware and other malware တွေကို ဖယ်ရှားပေးနိုင်ခြင်း ၊မိမိကွန်ပျူတာလေးအမြဲတမ်းပေါ့ပါးနေစေဖို့ ဒုက္ခပေးလေ့ ရှိတဲ့ junk files တွေကို ရှင်းလင်းပေးနိုင်ခြင်းစတာတွေကို အသုံးပြုနိုင်ပါတယ်။ ဒီကောင်လေး က portable လေးဖြစ်တဲ့အတွက် ဘလော့မိတ်ဆွေများ အသုံးပြုရတာအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ တစ်ခုသတိပေးချင်တာရှိပါတယ် . ဒီ rar ဖိုင်ထဲက .exe portable ဖိုင်တွေကို double click နဲ့ ဖွင့်လို့ မရရင် မည်သည့် portable .rar ကိုမဆို extract here နဲ့ ဖိုင်ခွဲထုတ်လိုက်ပြီး (  .exe ) ပေါ်မှာ right click >>> Run as administrator နဲ့ ဖွင့်ပေးကြပါလို့ လမ်းကြုံလို့  သတိပေး လိုက်ပါတယ်။ အသေးစိတ်လေ့လာချင်တယ်ဆိုရင်အောက်မှာလေ့လာနိုင်ပါတယ်။


RegCure Pro's System Scan seeks out - and then fixes:
System Errors: The Windows registry is a complicated database that keeps track of all kinds of settings and relationships for your computer's hardware, software, users and preferences. Over time the registry can become unstable and corrupt. Cleaning it can solve many performance issues. RegCure Pro cleans ActiveX, shared DLLs, uninstall entries, file path references, shell extensions, application paths and other errors.
Malware: There are all kinds of viruses, spyware, Trojans and other malware looking to infect your machine. These can try to steal your credit card or banking information or try to take over your PC or another devious task. Many forms of malware hurt your computer's performance. RegCure Pro's malware scanner finds active malware and kicks it off your machine.
Performance Issues: At any given time, various programs and processes are running on your PC. If too many are happening or if some are very resource intensive, poor performance can occur. RegCure Pro identifies unneeded process that are just slowing your computer down.
Privacy Items: Your computer stores a vast amount of information - and sometimes that's not good! Information added to your computer through your regular Internet browsing and file use could be used for targeted phishing schemes, identity theft and similar crimes. RegCure Pro wipes away confidential information: passwords, login credentials, credit card numbers, banking data and much more.
Junk Files: Unneeded items just take up space on your PC. RegCure Pro efficiently cleans away junk files, temporary items and clutter.

အသုံးပြုချင်တဲ့မိတ်ဆွေများအောက်မှာ download ယူနိုင်ပါတယ်...

DOWNLOAD:

{ MF - password: nayminkhit }



ကျေးဇူးတင်ပါတယ်...

Best Blogger Tips



Friday, November 16, 2012

၆၅၂။ All Devices Root For Android / Tab / Pad


Unlock Root 2.4.2 | 10 MB |

ဒီကောင်လေးကတော့ ကျနော့်ကို မြန်မာနိုင်ငံကနေပြီး အကူအညီလှန်းတောင်း ထားလို့  အခြား အခြားသော ဘလော့ မိတ်ဆွေများလဲလေ့လာအသုံးပြုလို့ ရအောင် ဒီပို့ စ်လေးကိုရေးဖြစ်သွားတာပါ။ ပြဿနာကတော့ Samsung Galaxy S Plus (GT-I9001) ကို root လုပ်မရတာဖြစ်ပါတယ်။ကျနော်တို့ အွန်လိုင်း မှာ andriod mobile phone တွေနဲ့  ပတ်သက်ပြီး ရေးသားနေကြတဲ့ နည်းပညာ ရှင်ဆိုဒ်တွေအများအပြားပေါ် ထွက်နေတာကြောင့်လိုက်လံ ရှာဖွေသော်လည်းအကြောင်း အမျိုးမျိုးကြောင့် အဆင် မပြေမှု့ တွေနဲ့ သာရင်ဆိုင်နေကြရပါတယ်. ကလိရင်းနဲ့ ဆိုင်ပေါ်ရောက်သွားတဲ့ မိတ်ဆွေများ လည်း ရှိနေကြမှာပါဘဲ. အခု ပေးမဲ့ နည်းလမ်းက အရမ်းလွယ်ကူပါတယ် ဒီကောင်လေး root လုပ်ပေးနိုင်တာကတော့ android/tab/pad တွေအားလုံးမှာပြုလုပ်နိုင်မှာဖြစ်ပါတယ်။ windows  xp | vista | 7 | 8 အားလုံးမှာ အလုပ်လုပ်ပါတယ်။ ဒီနည်းကတော့ ကျနော်ဖတ်ဖူးတဲ့ နည်းလမ်းတွေထဲမှာ အသုံးပြုရတာလွယ်ကူပြီး ထိထိမိမိ အသုံးဝင်တဲ့နည်းပါ။သွင်းတားတဲ့ App တွေ နဲ့ ဖိုင်တွေ လည်း မပျက်စေ ပဲ root လုပ်နိုင်ပါတယ်။ android/tab/pad တွေအသုံးပြုနေတဲ့ ဘလော့ မိတ်ဆွေများ အတွက် အရမ်း အသုံးဝင်မှာဖြစ်ပါတယ်။ ခက်ခက်ခဲခဲ Recovery ထဲဝင်ဖို့လဲမလိုပါဘူး။ ကျနော်စမ်းသပ်လို့ အောင်မြင် တဲ့  Samsung Galaxy S Plus (GT-I9001)andriod အကြောင်းနဲ့ရှင်းပြပါ့မယ်။ မိမိတို့ ရဲ့  andriod ကို ထုံးစံအတိုင်း ကွန်ပျူတာနဲ ချိတ်ဆက်လိုက်ပါ.   မိမိ Android Device မှာ USB Debugging ကို ON ထားဖို့ လိုပါတယ်။{ Settings / Applications / Development /  USB Debugging ကိုအမှန်ခြစ် } ဘယ်လို လုပ်ရမလဲ မသိသေး တဲ့မိတ်ဆွေများ အောက်ကလင့်မှာ လေ့ လာ လိုက်ပါ။


ပြီးရင်တော့ အောက်မှာကျနော်ပေးထားတဲ့ software လေးကို download ယူပြီး မိမိကွန်ပျူတာမှာ install လုပ်လိုက်ပါ။ strat / allprograms / unlock root file ထဲက unlock root ကို ဖွင့်ပြီးအောက် ကပုံလေးအတိုင်း Root ကို click ပေးလိုက်ရင် မိမိဖုန်းရဲ အမျိုးအစား ကိုဖေါ်ပြပေးပါလိမ့်မယ်။ ဘယ်လို အမျိုးအစားတွေကို root လုပ်ပေးမလဲဆိုရင် အရင်ဆုံးမိမိအသုံးပြုနေတဲ့ အမျိုးအစားနဲ့ ကိုက်ညီမှု့ ရှိ / မရှိ ဆိုတာ အောက်က လင့်မှာ စစ်ဆေးကြည့်နိုင်ပါတယ်. Brand | Model | Version | Firmware ကိုအသေးစိတ်ဖေါ်ပြပေးထားပါတယ်။



တကယ်လို့ မိမိဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ဖို့  driver မရှိသေးဘူးဆိုရင်  မိမိအသုံးပြုနေတဲ့  Brand | Model အမျိုး အစားအလိုက် driver ကို အောက်ကလင့်မှာ download ယူလိုက်ပါ။


ပြီးရင် SDK Driver ကို မိမိတို့ ဝင်းဒိုး 32-bit | 64-bit အလိုက် download ယူပြီး Install သွင်းလိုက်ပါ။


လိုအပ်တာတွေအားလုံးဖြည့်စွပ်ပြီးရင် အပေါ်ကပုံအတိုင်း  Root ကို click ပြီး မိမိဖုန်း device ကိုရှာလိုက်ပါ
မိမိဖုန်းအမျိုးအစားကိုတွေ့ ပြီဆိုရင် click ပေးပြီးခဏစောင့်နေပါသူ့ အလိုလို root လုပ်ပေးနေပါလိမ့်မယ်. အားလုံးပြီးသွားရင်တော့ မိမိဖုန်းထဲမှာ superuser icon လေးရောက်ရှိနေပြီး မိမိဖုန်းဟာ အမြစ်တူးပြီးသား ( root ) ဖုန်းအဖြစ်အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီဖြစ်တာကိုပျော်ရွှင်စွာ မိတ်ဆွေများခံစားရမှာဖြစ်ပါတယ်. မိတ်ဆွေများ ဒီကောင်လေးကိုအသုံးပြု ဖို့ အခက်အခဲရှိနေရင် အောက် ကလင့်မှာ root လုပ်နည်း အသေးစိတ်ရှိပါတယ်.နောက်ဆုံးမှာ Yes ( or ) No နှစ်ခါမေးလာရင် Yes ကိုဘဲပေးလိုက်ပါ။


မိမိရဲ့ android phone ဟာ root ဖြစ် / မဖြစ် ကို စမ်းသပ်ချင်တယ်ဆိုရင် Root Checker လေးနဲ့ စမ်းသပ်နိုင် ပါတယ်။  Root Checker.apk ကို မိမိတို့ ဖုန်းထဲမှာ Install သွင်းပြီးဖွင့်လိုက်ပါ. program လေးပွင့်လာရင် Root  > Verify Root ကို နှိပ်ပေးလိုက်ပါ. သူ့ ရဲ့  Results မှာ Congratulations! You have root access! ဆိုပြီးအစိမ်းရောင်စာတမ်းလေး ကိုပြပေးရင် မိမိဖုန်းဟာ Root ဖြစ်သွားပါပြီ။

 Root Checker.apk


အဲဒီအချိန်မှာ ဒါမှ" ငါကွ " ဆိုပြီးလက်နောက်ပစ်ကာ အိမ်ရှေ့ နဲ့ နောက်ဖေး သုံးလေးခေါက်လောက်လျှောက်ပစ်လိုက်စမ်းပါ။ ဒီလိုမှအားမရသေးရင်လဲ ဂျွန်းလေး ဘာလေး ထိုးပြီးဝမ်းသာလိုက်ပေါ့လေ. တကယ်လို့  Unroot ပြန်လုပ်ချင်တယ်ဆိုရင်လဲ ရပါတယ်။

မှတ်ချက်။  ။ အခုဒီကောင်လေးက v2.4.2 version ဖြစ်ပြီး နောက်ဆုံးထုတ်ကုန်ဖြစ်တဲ့ Samsung Galaxy Note/S2/Sအတွေထိ အသုံးပြုနိုင်ပြီး အခုနောက်ဆုံး version 3.0 ကတော့ အောက်မှာဖေါ်ပြထားတဲ့ နောက် ဆုံး ထွက် model တွေမှာ ပါအသုံးနိုင်တော့မှာဖြစ်ပါတယ်. 


-- Support Samsung Galaxy Note2/SIII 4.1.1
-- Support Samsung Galaxy Note/SII 4.0.3
-- Support Samsung Amazon Kindle Fire 6.3.1
-- Support Android 2.2-2.3,4.0.0-4.0.3

အသုံးပြုချင်တဲ့မိတ်ဆွေများအောက်မှာ download ယူနိုင်ပါတယ်...

DOWNLOAD:


ကျေးဇူးတင်ပါတယ်...


Best Blogger Tips



Wednesday, November 14, 2012

၆၅၁။ Skyfall 2012 ( James Bond )


ဘလော့မိတ်ဆွေများအားလုံး မင်္ဂလာပါ! မတွေ့ ဖြစ်တာလဲ အတော်လေးကြာခဲ့ပါပြီ ကျနော် အလုပ်တွေ နဲ့  လူမှု့ ရေးကိစ္စလေးတွေ ကူညီဖြေရှင်းပေးနေရလို့  ပို့ စ်မတင်ဖြစ်တာကို ရှေးဦးစွာ တောင်းပန်လို ပါတယ်. မေးထားတဲ့ ပြဿနာလေးတွေရော ခကြာခဏ Hosting Account အဖြတ်ခံနေရတဲ့ Mediafire ရဲ့  Download Link တွေ ပြန်ပြင်ပေးနေရလို့ လည်းကျနော်တို့ ဝေးနေရခြင်းလည်းဖြစ်ပါတယ်။ ဒီနေ့ အွန်လိုင်း ပေါ်ခြေဆန့် ကြည့်လိုက်တော့ Daniel Craig ( James Bond ) ရဲ့    Skyfall 2012 လေးတွေ့ လို့ ဘလော့ မိတ်ဆွေများလည်း အပျင်းပြေ ကြည့်ရှု့ လို့ ရအောင်တင်ပေးခြင်းဖြစ်ပါတယ်. နောက်နေ့ များမှ နည်းပညာ နဲ့ ပတ်သက်တဲ့ ပိုစ့်လေးတွေပြန်လည်ရေးသားပေးသွားမှာပါ။ဆိုဒ်ထဲမှာ မတင်ပေးတာက ဆိုဒ်ဖွင့်ရတာ ဘလော့မိတ်ဆွေများ အရမ်းလေးလံသွားမှာစိုးလို့  တခြားလင့်မှသွားရောက်ကြည့်လိုက်ကြပါ။


Watch Movie ( James Bond ) Skyfall 2012 Free Online


Watch Movie ( James Bond ) Skyfall 2012 Free Online




ကျေးဇူးတင်ပါတယ်...

Best Blogger Tips



Monday, October 15, 2012

၆၅၀။ The Expendables 2


ဘလော့မိတ်ဆွေများအားလုံးမင်္ဂလာပါ!  ဒီနေ့ အွန်လိုင်းမှာအပျင်းပြေရုပ်ရှင်ကြည့်ချင်လို့  လိုက်ရှာ လိုက် တာ the expendables 2 ကိုတွေ့ လို့ ဘလော့မိတ်ဆွေများလည်း အပမ်းဖြေလို့ ရအောင် တင်ပေးလိုက် တာပါ။ hollywood ရဲ့ ထိပ်တန်းစာရင်းဝင် ခေါင်းဆောင်မင်းသားပေါင်းများစွာပါဝင် သရုပ်ဆောင် ထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်. ကျနော့်ဘလော့မိတ်ဆွေများ အပမ်းဖြေကြည့်ရှု့ ချင် တယ်ဆိုရင် အောက် ကလင့် မှာ သွားလိုက်ပါ။


ကျေးဇူးတင်ပါတယ်...

Best Blogger Tips



Saturday, October 13, 2012

၆၄၉။ All Antivirus Software Uninstall Tool DC 13.10.2012

All Antivirus Software Uninstall Tool DC 13.10.2012 | 14 MB |

ဘလော့မိတ်ဆွေများအားလုံး မင်္ဂလာပါ! အခုကျနော်ဘလော့မိတ်ဆွေများအတွက် သေချာထိန်းသိမ်း ထားရမယ့်လက်ဆောင် RAR အထုပ်လေးတစ်ထုပ် ကို ပေးချင်ပါတယ်. ကျနော်စုဆောင်းထားသမျှ အကုန်လုံးပါဘဲ .တခြားတော့မဟုတ်ပါဘူး ကျနော်တို့ ယနေ့ ခေတ်ကွန်ပျူတာ တိုင်းမှာ မရှိမဖြစ်ဆော့ဝဲလ် ကတော့ antivirus software တွေဖြစ်ပါတယ်။ အဲဒီ မိမိ အသုံးပြုနေတဲ့ ဆော့ဝဲလ်ကို အကြောင်း အမျိုးမျိုးကြောင့် ဖယ်ထုတ်ချင်တယ်ဆိုရင် မိမိ တို့ ဝင်းဒိုးထဲက "Add/Remove Programs" ( Programs and Features) မှာ ဖယ်ရှားနိုင်သော်လည်း အချို့ antivirus software တွေကို ပြီးပြည့်စုံ အောင် မဖယ်ပေးနိုင်တဲ့ အတွက် antivirus software အသစ် ကို install လုပ်လို့ မရတဲ့ ပြဿနာ တွေဖြစ်လာ ပါတယ်။ ဒီလိုအမျိုးမျိုးသော antivirus software တွေကို သေချာဖယ် ထုတ် နိုင်ဖို့ အတွက် antivirus software ( uninstall & remover ) tool အမျိုးအစားပေါင်း ( ၁၈ ) မျိုးကို စုပေါင်းပြီးတင် ပေးလိုက်ပါတယ်.ကျနော်စုပေါင်းထားတဲ့ antivirus software ( uninstall & remover ) tool အမျိုးအစား တွေကို အောက်မှာ ဖေါ်ပြပေးပါမယ်။

{ Windows Live One Care| Norton| BitDefender | Kaspersky | NOD32 | Trend Micro PC-Cillin | McAfee |F-Secure | Quick Heal | avast! | AVG | avira | Panda | CA | Norman | Malwarebytes' Anti-Malware | SUPERAntiSpyware }တို့ ဖြစ်ပါတယ်။ Windows XP / 2003 / Vista / Windows7 / XP64 / Vista64 / Windows7 64 တွေမှာအသုံးပြုနိုင်ပါတယ်။


အသုံးပြုချင်တဲ့မိတ်ဆွေများအောက်မှာ download ယူနိုင်ပါတယ်...

DOWNLOAD:

{ MF - password: nayminkhit }




ကျေးဇူးတင်ပါတယ်...

Best Blogger Tips



၆၄၈။ .NET Framework 4.0 Full x86_x64

.NET Framework 4.0 Full x86_x64 | 48.11 MB |

ဒီကောင်လေးကတော့ ကျနော့်ကို မိတ်ဆွေတစ်ဦးတောင်းထားလို့  အခြားမိတ်ဆွေများလဲ အသုံးပြုလို့ ရ အောင် x86_x64 နှစ်မျိုးလုံးသုံးလို့ ရတဲ့ ဆော့ဝဲလ်လေးဖြစ်ပါတယ် . အခုနောက်ပိုင်း အချို့ ဆော့ဝဲလ်တွေကို install လုပ်မယ်ဆိုရင် .NET Framework 4.0  နှင့်အထက် မိမိစက်ထဲမှာရှိနေမှ အဆင်ပြေပြေ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။

.NET Framework 4 includes the following new features and improvements:

* Improvements in CLR and BCL
* Improvements in ADO.NET
* Enhancements to ASP.NET
* Improvements in Windows Presentation Foundation
* Improvements to Windows Workflow Foundation and Windows Communication Foundation.
///\\\ OS ===> Windows XP / 2003 / Vista / Windows7 / XP64 / Vista64 / Windows7 64

အသုံးပြုချင်တဲ့မိတ်ဆွေများအောက်မှာ download ယူနိုင်ပါတယ်...

DOWNLOAD:

{ MF - password: nayminkhit }



 

ကျေးဇူးတင်ပါတယ်...

Best Blogger Tips



Friday, October 12, 2012

၆၄၇။ Flagimation + Patch

Flagimation + Patch | 508 KB |
ဒီကောင်လေးကိုတော့ ကျနော် blogger လောက ထဲစတင်ရောက် လာတဲ့အချိန်တုန်းက တင်ပေးဖူး ပါ တယ် .မိမိတို့ မှာရှိတဲ့ ဓါတ်ပုံတွေကို ဒီဆော့ဝဲလ်လေးနဲ့ အသုံးပြုပြီး လေထဲလွှင့် နေအောင် ပြုလုပ် နိုင်ပါ တယ်.ဒီကောင်လေးကသူ့ မူရင်းဆိုဒ်မှာဆိုရင် US $ 20 နဲ့ ရောင်းနေတာပါ. အခုကျနော် ဒီဆော့ဝဲလ်လေး ကို အမြဲတမ်း အပြည့်အဝ အသုံးပြု Patch ဖိုင်လေး ထည့်ပေးထားပါတယ်. Full Version  ပြု လုပ် နည်း ကတော့  RAR ဖိုင်ထဲက patch.exe ဖိုင်ကို copy  ယူပြီး  C:\Program Files\Pegtop\Flagimation မှာ paste လုပ်ပါ. အဲဒီ patch.exe ကို double click နဲ့ ဖွင့်ပြီး  patch bottom ကို click ပါ.OK \ Exit နဲ့ ပိတ်ပြီးရင် မိမိတို့ ရဲ့ ဆော့ဝဲလ်ဟာ အမြဲအသုံးပြုနိုင်တဲ့ full version ဖြစ်သွားပါပြီ။




အသုံးပြုချင်တဲ့မိတ်ဆွေများ အောက်မှာ download ယူနိုင်ပါတယ်...

 DOWNLOAD:

{ MF - password: nayminkhit }

ကျေးဇူးတင်ပါတယ်...

Best Blogger Tips



၆၄၆။ Internet Download Manager 6.12 Build 22 + Patch


Internet Download Manager 6.12 Build 22 | 5 MB |
ဘလော့မိတ်ဆွေများအားလုံးမင်္ဂလာပါ!( IDM )ချစ်သူများအတွက် နောက်ဆုံးထွက် full version ကို တင်ပေး လိုက် ပါတယ်.အမြဲတမ်းအသုံးပြုနိုင်စေရန်အတွက် Patch ဖိုင် ထည့်ပေးထားပါတယ်။

အသုံးပြုချင်တဲ့မိတ်ဆွေများအောက်မှာ download ယူနိုင်ပါတယ်...

DOWNLOAD:

{ MF - password: nayminkhit }


ကျေးဇူးတင်ပါတယ်...

Best Blogger Tips



၆၄၅။ Visual Basic Programming Guide ( မြန်မာလို )

Visual Basic Programming Guide ( မြန်မာလို )| 11 MB |
ဒီစာအုပ်လေးကတော့ ပရိုဂရမ်တွေကို  အလွယ်ရေးသားနိုင်အောင် ဆရာ သန်းထိုက် ( ရွှေပုံရိပ် )မှရေး သားထုတ် ဝေထားတဲ့လေ့လာသင့်တဲ့ စာအုပ်လေးဖြစ်ပါတယ်.ပရိုဂရမ်ပိုင်း ကိုအခြေခံမှစပြီးလေ့လာလို သူများအတွက် အရမ်းကောင်းမွန်တဲ့ စာအုပ်လေးဖြစ်ပါတယ်။

လေ့လာချင်တဲ့မိတ်ဆွေများအောက်မှာ download ယူနိုင်ပါတယ်...

DOWNLOAD:

{ MF - password: nayminkhit }





ကျေးဇူးတင်ပါတယ်...

Best Blogger Tips



Twitter Delicious Facebook Digg Stumbleupon Favorites More